ရန်ကုန် စက်တင်ဘာ ၁၀
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီလီမိတက်တို့ပူး ပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲကိုယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်၊ မကွေးလမ်း၊ အမှတ် (၁၄/၄၄) တွင်ကျင်း ပသည်။
အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနိုင်မှ ဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးခန်းအတွင်း လှည့်လည် ကြည့်ရှုရာ ဆေးခန်းတာဝန်ရှိသူများမှ ဆေးကုသမှုဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယခုဆေးခန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးအကျုံးဝင် အာမ ခံအလုပ်သမားများအား အထွေထွေရောဂါကုသမှု (OPD Care) နှင့် သားဖွား/မီးယပ်ပြင်ပလူနာ ကုသမှု (Specialist OG OPD Care) ကိုပါကုသပေး သွားမည်ဖြစ်ပြီး တနင်္ဂနွေပိတ်ရက်မှအပ မနက် (၈) နာရီမှ ညနေ (၆) နာရီအထိဖွင့်လှစ်ကာ အာမခံအလုပ်သမားများအပြင် အာမခံ အလုပ်သမားမဟုတ်သူများကိုပါ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် အလုပ်သမားဆေးရုံကြီး(၃)ရုံ၊ မြို့နယ် လူမှု ဖူလုံရေး ဆေးခန်း (၉၆)ခန်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသော ဌာန ကြီးဆေးခန်း (၅၈)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ရွေ့လျားဆေးကုသယာဉ် (၃)စီးတို့ဖြင့် မြို့နယ် (၁၁၆) မြို့နယ်၌ လူမှုဖူလုံရေးအကျုံးဝင်သည့် အာမခံအလုပ်သမားများအား လှည့်လည် ဆေးကုသပေးလျက်ရှိပြီး လူမှုဖူလုံရေးအဖွဲ့နှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဆေးရုံ/ ဆေးခန်း(၁၈)ခန်း တို့ဖြင့် လူမှုဖူလုံရေးအာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆေး ကုသမှုလုပ်ငန်း များကို ဆောင်ရွက်ပေး လျက်ရှိပြီး အလုပ်သမားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်းကာအလုပ်ဌာန (၂၇၃၇) ဌာနမှ အာမခံအလုပ်သမား (၂၃၁၂၉၈)ဦးအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် စက်မှုဇုန်မှ တာဝန်ရှိသူများ၊ စက်ရုံ၊အလုပ်ရုံ များမှ အလုပ်သမားကိုယ်စားလှယ် များတက်ရောက်ခဲ့ကြသည်။
ဆန်းကျော်ဦး