လွိုင်ကော် စက်တင်ဘာ ၁၀
လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများပိုမို သိရှိလိုက်နာနိုင်ရေး အသိပေးနှိုး ဆော်မှုများအား ရပ်ကွက်များ ၊ လမ်းဆုံလမ်းခွများနှင့် လူစည် ကားရာနေရာများတွင် အသံချဲ့စက်များ ၊ လက်ကိုင်စကားပြောအ သံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည် ပင် သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလာ သောကြောင့် မိဘပြည်သူများ အနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန် ၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့သွားလာရပါက ပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျ တပ် ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်းဈေးရောင်း ဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန် ၊ လက်ကိုဆေးကြောခြင်းမပြုဘဲပါးစပ် ၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန် ၊ မိမိနေထိုင်ရာအခန်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ရန် ၊ အပြင်မှပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျစွန့်ပြစ်ရန် ၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသော ညွှန်ကြားချက်များ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးဗဟိုကော်မတီမှအသိပေး ပန်ကြားချက်များကို မိဘပြည်သူများအနေ့ဖြင့် တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဇွန်လ (၂၉) ရက်နေ့ မှ စက်တင်ဘာလ (၉) ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာစုစုပေါင်းမှာ (၂၄၈၂)ဦးရှိပြီး ၊ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း (၁၈၇၉) ဦးရှိကာ ပိုးတွေ့သေဆုံးသူစုစု ပေါင်း(၉၆) ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။
ခရိုင်(ပြန်/ဆက်)