မောင်တော စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အင်ဂျင်နီယာ များပါဝင်သော ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ယမန်နေ့ နံနက်ပိုင်းက ဝေသာလီ- ဥဒေါင်း သွားကားလမ်းတွင် လမ်းများ ပျက်စီး ၊ ယိုယွင်း နေမှုများကြောင့် ယာဉ်များသွားလာမှု အခက်အခဲများ ဖြစ်ပေါ်နေသည့် အခြေအနေများ အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် ဝေသာလီ-ဉဒေါင်းသွား (၁၃/၀)မိုင် ကားလမ်းသည် ကုန်တင် ယာဉ်များ ဖြတ်သန်းသွားလာရာတွင် လမ်းအကျယ်(၁၂)ပေသာရှိသဖြင့် တစ်ဖက် နှင့် တစ်ဖက် ရှောင် တိမ်းရန် မလွယ်ကူသည့် အပြင်လမ်းပျက်စီးမှုကြောင့် ယာဉ်ရှောင်တိမ်းရာတွင် တိမ်းမှောက်မှုများ ဖြစ်ပေါ် နိုင်ခြင်း၊ လမ်းပျက်စီး နေမှုကြောင့် ကုန်စည်စီးဆင်းခြင်း ရန့်တန့်မှုမရှိစေရန်အတွက် မဖြစ်မနေလတ် တလောပြုပြင် ထိန်းသိမ်းနိုင်ရန် လမ်းပျက်စီးမှု အပိုင်း(၁၈)နေရာ စစ်ဆေးတွေ့ရှိရပြီး အဆိုပါ လမ်းပျက်စီးမှုအား အမြန်ဆုံးပြုပြင် ထိန်းသိမ်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ ကုန်တင်ကားကြီးများ အနေဖြင့် မောင်တောမြို့သို့ ကုန်ပစ္စည်းများနှင့် ဝင်ရောက်လာပါက ဥဒေါင်း-ဝေသာလီ-မောင်တော လမ်းအတိုင်းအသုံးပြုကြရန်နှင့် မောင်တောမြို့မှ ပြန်လည်ထွက်ခွာပါက မောင်တော-ကညင်တန်း-အလယ်သံကျော်-ဥဒေါင်းလမ်း အတိုင်း အသုံးပြု သွား လာရမည်ဖြစ် ကြောင်းသိရ သည်။
သက်လွင်စိုး ခရိုင် (ပြန်/ဆက်)