ကန့်ဘလူဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့်ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး

ကန့်ဘလူ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအ တွက် ကန့်ဘလူဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့်ဝန်ထမ်းများအား RDT Test Kit ဖြင့် ကိုဗစ်- ၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့ သွားရောက်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးပေးရာတွင် ဘိုးဘွား ၁၃ ဦးနှင့်ဝန်ထမ်း ၄ ဦး စုစုပေါင်း ၁၇ ဦးတို့အား RDT Test Kit ဖြင့်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဘိုးဘွားများနှင့်ဝန်ထမ်းတို့တွင် (N) Negative အဖြေထွက်ရှိခဲ့ ကြောင်းသိရသည်။

ထို့ပြင် ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကူးစက်ပြန့်ပွား မှုမရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေး ကော်အတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ကျန်းမာရေး အသိပညာပေးခြင်း၊ နှိုးဆော်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊မျက်နှာကာ( Face Shield)များ အခမဲ့ဖြန့်ဝေခြင်း၊ မြို့ဝင် မြို့ထွက်ဂိတ်များဖွင့်လှစ်၍ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)