မောင်တော စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သီဟိုကျွန်းကျေးရွာ နှင့် နွားရုံတောင် ကျေးရွာများရှိ ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီ အချိန်က သတ်မှတ်စုရပ် နေရာ များတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သီဟိုကျွန်းကျေးရွာရှိ ပြည်သူများထဲမှ မိမိသဘော ဆန္ဒအရ လာ ရောက် စစ်ဆေးခံသူ(၄၆)ဦး နှင့် နွားရုံတောင်ကျေးရွာရှိ ပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအရ လာ ရောက် စစ်ဆေးသူ (၄၇)ဦး စုစုပေါင်း (၉၃) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့ထဲမှ နွားရုံတောင်ကျေးရွာနေ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာမှ သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် မီးသတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် ရပ် ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)