ညောင်ရွှေ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ ပရိယတ္တိစာသင်တိုက်များတွင် ကိုဗစ်-၁၉ရောဂါ ရှိ၊ မရှိ RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်ကျန်းမာရေး ဌာနဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့ရှိ ရွှေဂူပရိယတ္တိစာသင်တိုက်၊ လှိုင်ကြူပရိယတ္တိစာသင်တိုက်၊ နိဂြောဓာရုံ စာသင်တိုက်နှင့် သီရိဇေယျာသီလရှင်စာသင်တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် ၂၀၉ပါး၊ လူပုဂ္ဂိုလ် လေးဦးတို့ကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မ တီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိမ်း၊ မြို့နယ် သာသနာ ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထက်ဇော်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်