ပေါင်းတည် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ် -၁၉ကာကွယ်ဆေးထိုးရန် ဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့က အ.ထ.က မင်းကွက် ၂ ရပ်ကွက်၌ ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ် ဆေးထိုးနှံပေးရာတွင် အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများမှ ပြည်သူများကို ထိုးနှံပေးခြင်း ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော SINOVAC အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းများကိုမြို့နယ်စီမံခန့်ခွဲကော်မတီ အဖွဲ့ဝင်များ၊မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်