ပေါင်းတည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ဝန်ထမ်းများနှင့်ပြည်သူများအား ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေး

ပေါင်းတည် စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်တွင် ကိုဗစ် -၁၉ကာကွယ်ဆေးထိုးရန် ဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့က  အထက မင်းကွက် ၂ ရပ်ကွက်၌ ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများဆက်လက် ထိုးနှံပေး လျက် ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင်   အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချ သူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း   ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော SINOVAC အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်း နှင့်အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲကော်မတီ အဖွဲ့ဝင်များ၊မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်နှင်းသုန်