လေရှီး စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ဩဂုတ် ၂၄ ရက်နေ့က stay at home သတ်မှတ်ထားသည့် ဟုမ္မလင်းမြို့နယ်မှ ပြန်လာသူ ဒိန်းဂလိန်းအုပ်စု ရေဒေါင်ကျေးရွာနေ အသက်(၅၀)အရွယ် အမျိုးသမီးအား ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေရှိခဲ့ကြောင်းသိရသည်။
Stay at home သက်မှတ်ထားသည့် မြို့နယ်မှပြန်လာသူဖြစ်သည့်အတွက် ၎င်း၏နေအိမ်တွင် သည်းခြားထားရှိပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် swab နမူနာယူ၍ RTD tast kit ဖြင့်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ရှိခဲ့သဖြင့် ၄င်းအမျိုးသမီးအား အိုးအိမ်(၂) ထပ် positive Canter တွင် စက်တင်ဘာလ(၈)မှ(၁၉)ရက်နေ့အထိ Community Based Facility Quarantine (၁၁) ရက်ထာရှိပြီး မြို့နယ်စီမံအုပ်ရေးအဖွဲ့နှင့် မြို့နယ်ကိုဗစ်ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲတို့က စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)