ဘုတလင် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော်ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား များနှင့် ပြည်သူများအား (ဒုတိယအကြိမ် )ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ထိထိုးနှံပေးလျက်ရှိပြီး ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပီးသူများအနေဖြင့်ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံရန် ကျန်ရှိသူများကိုလည်း မြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဘုတလင်မြို့နယ်တွင် သြဂုတ်လ(၃)ရက်နေ့မှ သြဂုတ်လ(၅)ရက်နေ့အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြတဲ့ သံဃာတော်ဆရာတော်ကြီးများ/သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းနှင့်နိုင်ငံ့ ဝန်ထမ်း မိသားစုများ၊ ပရဟိတ အသင်းများမှ(volunteer)များ၊ ပုဂ္ဂလိကစက်ရုံများမှဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများ၊ ဈေးသူ၊ဈေးသား ပြည်သူများ၊ အကျဉ်းကျခံနေသူတို့ကို (ဒုတိယအကြိမ်) ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
(ဒုတိယအကြိမ်)ကိုဗစ် -၁၉ ရောဂါကာကွယ် ဆေးများစနစ်တကျထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာများကကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ပထမအကြိမ် ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေး ထိုးနှံပြီး သူများကို(ဒုတိယအကြိမ်) ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းမြို့နယ် ကိုဗစ်(၁၉) ရောဂါ ကာကွယ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှသိရသည်။
နှင်းယုအေး(ဘုတလင်)