မုံရွာမြို့နယ်၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ပြည်သူစုစုပေါင်း(၆၇၅၁)ဦးအား ဆက်လက် ထိုးနှံပြီးစီး 

 

မုံရွာ စက်တင်ဘာ ၉

 

မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကို စဥ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ သြဂုတ်လ(၃၁)ရက်နေ့မှ ယနေ့အချိန်အထိ ဆေးထိုးစုရပ် (၁၂)နေရာခွဲ၍ ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ပြည်သူစုစုပေါင်း(၆၇၅၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီထံမှ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ ၊မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီးမုံရွာမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ဆေးထိုးစုရပ်များအဖြစ်သတ်မှတ်ထားသည့် တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံခန်းမနှင့် ဖူဆယ်ခန်းမတွင်လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(အလုံ)၊ အမှတ်(၃)နှင့်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများတွင်လည်းကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးခန်းမတွင်လည်းကောင်း၊ ရန်ကင်းပရိယတ္တစာသင်တိုက်နှင့် အုတ်ကန်တောရ ပရိယတ္တိစာသင်တိုက်များတွင်လည်းကောင်း၊ မုံရွာမြို့ ဘိုးဘွားရိပ်သာနှင့် ရွှေရောင် ဆည်းဆာဘိုးဘွားရိပ်သာတို့တွင်လည်းကောင်း၊ မုံရွာမြို့ အကျဉ်းဦးစီးဌာနတွင်လည်းကောင်း၊ ကျောက္ကာ ကျေးရွာတွင် လည်းကောင်း စုစုပေါင်းရဟန်းရှင်လူပြည်သူ (၆၇၅၁)ဦးတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းတာစစ်ဆေးခြင်းနှင့် ကျန်းမာရေးရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းနှင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများစနစ်တကျ ထိုးနှံပေးခြင်းများဆောင်ရွက်လျက်ရှိရာသို့ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)