ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာတွင်နေထိုင်လျက်ရှိသော အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

မောင်တော   စက်တင်ဘာ 

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာတွင်နေထိုင်လျက်ရှိသော အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ အား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ် လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် အဖြစ် စက်တင်ဘာ ရက်နေ့မှ၍ သတ်မှတ်စုရပ်အသီးသီးတွင်  လူမျိုး ဘာသာမရွေး  ထိုးနှံပေး လျက်ရှိကြောင်း သိရ သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် အသက်(၆၅)နှစ် နှင့်အထက် ပြည် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ၊အောက်စီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာ ရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ် တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့် ရှောက်မှု များဆောက်ရွက်ပေးလျက်ရှိသည်။

 

မောင်တောမြို့နယ်ကျေးရွာအသီးသီးရှိ အသက် ၆၅ နှစ်နှင့် အထက်  ပြည်သူများအား ကာကွယ်ဆေးထိုး နှံနိုင် ရန်အတွက် စက်တင်ဘာ ရက်နေ့တွင် အင်းဒင် စာသင်ကျောင်း၊ ကျောက်ပန္ဒူစာသင်ကျောင်း၊ ဉဒေါင်းစာ သင် ကျောင်း၊ မောရဝတီစာသင်ကျောင်း၊()မိုင် စာသင်ကျောင်း၊ လက်သာရွာ စာသင်ကျောင်းစုရပ်များတွင် အသက် ၆၅ နှစ်နှင့် အထက်  ပြည်သူများအား ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ပြီး စက်တင်ဘာ ရက်နေ့တွင် ဂုံးနား ရွာစာသင်ကျောင်း၊ ကျောက်လှေ ကားစာသင်ကျောင်း စုရပ်နှစ်ခု နှင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် တမန်းသားကျေးရွာရှိ စာသင်ကျောင်း၌ အသက် ၆၅ နှစ် နှင့် အထက်  ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ဒုတိယအကြိမ် ကာကွယ် ဆေး ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရ သည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)