မအီ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဦးညီညီလွင် ဦးဆောင်ပြီး တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်နှင့်ရုံးအဖွဲ့များလိုက်ပါ၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် Golden Central Land ကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပြီး (၆၀)ရာခိုင် နှုန်းပြီးစီးမှုရှိသည့် အရှည်(၈၅၀)ပေ၊ အကျယ်ပေ(၂၀)၊ အမြင့်ထု(၈)လက်မရှိ မအီမြို့၊ အမှတ်(၁+၂)ရပ်ကွက်မှ ကန်တော်လေးလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ မြတ်သူရိန်လင်း ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပြီး (၇၅)ရာခိုင်နှုန်းပြီးစီးမှုရှိသည့် မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘောလုံးကွင်းလမ်းမှ အရှည်ပေ(၆၀၀)၊ အကျယ်ပေ(၂၀)၊ အမြင့်ထု(၆)လက်မရှိ မြေသားလမ်းပြုလုပ်ခြင်းနှင့် အလျားပေ(၂၀)၊ အကျယ်(၅)ပေ၊ အမြင့်(၄)ပေရှိ ရေပြွန်(၂)စင်းတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုကိုလည်းကောင်း၊ Golden Central Land ကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပြီး (၈၅)ရရာခိုင်နှုန်းပြီးစီးမှုရှိသည့် အရှည်ပေ(၂၀၀)၊ အကျယ်ပေ(၂၀)၊ အမြင့်ထု(၈)လက်မရှိ မအီမြို့၊ အမှတ်(၁+၂)ရပ်ကွက်မှ ခရေပင်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ တောင်ကုတ်ရတနာကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပြီး (၇၀)ရာခိုင်နှုန်းပြီးစီးမှုရှိသည့် အရှည်(၁၅၈၀)ပေ၊ အကျယ်(၁၈)ပေ၊ အမြင့်ထု(၈)လက်မရှိ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းကွန်ကရစ်ခင်းခြင်း လုပ်ကိုလည်းကောင်း၊ တောင်ကုတ်ရာဇာကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပြီး (၈၅)ရာခိုင်နှုန်းပြီးစီးမှုရှိသည့် အရှည်ပေ(၅၅၀)၊ အကျယ်ပေ(၂၀)၊ အမြင့်ထု(၈)လက်မရှိ မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ချက်ဖောက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ တောင်ကုတ်ရာဇာကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပြီး (၈၅)ရာခိုင် နှုန်းပြီးစီးမှုရှိသည့် အရှည်ပေ(၄၀၀)၊ အကျယ်(၁၅)ပေ၊ အမြင့်ထု(၈)လက်မရှိ အမှတ်(၃)ရပ်ကွက်၊ ဈေးပတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် Golden Central Land ကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပြီး (၂၅)ရာခိုင်နှုန်းပြီးစီးမှုရှိသည့် အရှည်(၆၀၃)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်ထု(၈)လက်မရှိ အမှတ်(၃)ရပ်ကွက်၊ စံကားတောင်လမ်းအပိုင်း(၁) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းမှာ မိမိပြည်နယ်အတွင်း အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြို့ရွာများသန့်ရှင်းသာယာလှပစေရေးကိုဦးတည်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ယခုဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မအီမြို့၊ စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ခံဦးစီးမှုးဦးညီညီလွင်ထံမှသိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)