ကျောင်းကုန်း စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် လူမှူဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သက်ထားဦးက ထောက်ပံ့ကြေးပေးအပ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင် (၇၄၁)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်(၈၁၃)ဦး၊ စုစုပေါင်း(၁၅၅၄)ဦး တို့အား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့နှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
ယခုတစ်ကြိမ် ထောက်ပံ့ကြေးသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (၃)လအတွက် တစ်လလျှင် တစ်သောင်းခွဲနှုန်းဖြင့် (၃)လစာ(၄)သောင်းခွဲစီ ကျပ်(၆၉၉)သိန်းကျော်ကို နိုင်ငံတော်၏ ဘဏ္ဏာရန်ပုံ ငွေဖြင့် ကျခံသုံးစွဲခြင်းဖြစ်ပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဏာရေးနှစ်အတွင်း ဤတစ်ကြိမ်သာ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီး ဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)