မြောင်းမြ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်ရှိ အဝေးပြေးကားဂိတ် နောက်တွင် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံ၌ အောက်စီဂျင်ထုတ်လုပ်မှုအခြေအနေအား ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့်အဖွဲ့ဝင်များအား မြောင်းမြမြို့နယ် အောက်ဆီဂျင်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက အောက်ဆီဂျင်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က လိုအပ်သည်များကို စနစ်တကျပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန် နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော အောက်စီဂျင်ထုတ်လုပ်မှုအခြေအနေဆိုင်ရာ သတ်မှတ်စံနှုန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန့်ဇင်မင်းက မီးဘေးအန္တရာယ် လုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံတို့အားရှင်းလင်း ပြောကြားခဲ့သည်။
ကေခိုင်၊သက်ဝေ