မုံရွာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ပြည်သူစုစုပေါင်း(၆၇၅၁)ဦးအား ဆက်လက် ထိုးနှံပြီးစီး

မုံရွာ၊ စက်တင်ဘာ

မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စဥ်ဆက်မပျက် ထိုးနှံပေး လျက်ရှိရာ သြဂုတ်လ(၃၁)ရက်နေ့မှ ယနေ့အချိန်အထိ ဆေးထိုးစုရပ် (၁၂)နေရာခွဲ၍ ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေး အလိုက် ပြည်သူစုစုပေါင်း(၆၇၅၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး ုံရွာမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆေးထိုးစုရပ်များအဖြစ်သတ်မှတ်ထားသည့် တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံခန်းမနှင့် ဖူဆယ်ခန်းမ တွင် လည်းကောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း(အလုံ)၊ အမှတ်(၃)နှင့် အမှတ်(၇)အခြေခံ ပညာအထက်တန်း ကျောင်းများတွင်လည်းကောင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမတွင်လည်းကောင်း၊ ရန်ကင်းပရိယတ္တ စာသင်တိုက်နှင့် အုတ်ကန် တောရပရိယတ္တိစာသင်တိုက်များတွင်လည်းကောင်း၊ မုံရွာမြို့ ဘိုးဘွားရိပ်သာနှင့် ရွှေရောင် ဆည်းဆာ ဘိုးဘွားရိပ်သာတို့တွင်လည်းကောင်း၊ မုံရွာမြို့ အကျဥ်းဦးစီးဌာနတွင်လည်းကောင်း၊ ကျောက္ကာကျေးရွာတွင် လည်းကောင်း စုစုပေါင်းရဟန်းရှင်လူပြည်သူ (၆၇၅၁)ဦးတို့အား      ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ခြင်း၊ အောက်ဆီဂျင်တိုင်းတာစစ်ဆေးခြင်းနှင့် ကျန်းမာရေးရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းနှင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များစနစ်တကျ ထိုးနှံပေးခြင်းများဆောင်ရွက်လျက်ရှိရာသို့ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)