မြောက်ဦး စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများသို့ လာရောက်ခိုလှုံရန်ရောက်နေကြသော အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၈ နာရီက သတ်မှတ်စု ရပ်(၅)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ပထမအကြိမ်(Sinopharm)ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးရာတွင် တိုက်ပွဲရှောင်စခန်းရှိ အသက်(၁၈)နှစ်အထက်ပြည်သူများအား မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်၏ စီမံဆောင်ရွက်ပေးမှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်း ဦးဆောင်ကာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တိုက်ပွဲရှောင် စခန်းမှ စခန်းတာဝန်ခံများပူးပေါင်း၍ (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ပထမ အကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ (Sinopharm) ကာကွယ်ဆေးများ ပထအကြိမ်စတင်ထိုးနှံ့ခြင်းအဖြစ် မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော နရတ်စားတိုက်ပွဲရှောင်စခန်း၊ ကိုးနဝင်းတိုက်ပွဲရှောင်စခန်း၊ အောင်စေတီ တိုက်ပွဲရှောင်စခန်း၊ ဒိုင်းဂျီရွာဟောင်းနှင့် ရွာသစ်ရှိ တိုက်ပွဲရှောင်စခန်းများမှ အသက် (၁၈)နှစ် အထက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏများအား တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာကာကွယ်ဆေး ထိုးနှံပေး ခြင်းဖြစ်ပြီး ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ဆေးလာရောက်ထိုးနှံပြီးသူများ အား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက် ရှိပြီး ယနေ့နံနက်ပိုင်းအထိ မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ တိုက်ပွဲရှောင်စခန်း(၅)ခုမှ အသက်(၁၈)နှစ် အထက်ပြည်သူ(၁၇၁)ဦး အား (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ပထမအကြိမ် စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း