ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်

မောင်‌တော စက်တင်ဘာ  ၈

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဦးကျေးရွာနှင့် လသာကျေးရွာများရှိ ပြည်သူများ အား ယနေ့နံနက် ၉ နာရီ အချိန်က  သတ်မှတ်စုရပ်နေရာများတွင်  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့ဦးကျေးရွာရှိ ပြည်သူများထဲမှ မိမိ သဘောဆန္ဒအရ လာရောက် စစ်ဆေးခံသူ(၃၈)ဦး နှင့် လသာကျေးရွာရှိ ပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအရ လာ ရောက် စစ်ဆေးသူ (၅၄)ဦး စုစုပေါင်း (၉၂) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ရောဂါပိုး မတွေ့ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာမှ သိရ သည်။  

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)