ကျောက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့လုပ်အားရှင်များအား တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့ငွေပေးအပ်

ကျောက်ကြီး စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက တိုင်းဒေသကြီးအစိုးရမှ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိသော စေတနာ့လုပ်အားရှင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် အတွင်းရှိ စေတနာလုပ်အားရှင် (Volunteer) ဆောင်ရွက်နေသူများကို သြဂုတ်လ ၂၄ ရက်နေ့ မှ စက်တင်ဘာ ၂၂ ရက်နေ့အထိ ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများအား တစ်လတာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရမှ တစ်လတာ စားစရိတ်နှင့် စက်သုံးဆီ အသုံးပြုမှုများအား ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုကို မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး မှ မြို့နယ်အတွင်းရှိ စေတနာလုပ်အားရှင် (Volunteer) ဆောင်ရွက်နေသူ (၆၇)ဦး၊ စစ်ဆေးရေးဂိတ်(၃)ဂိတ်တွင် တာဝန်ထမ်းဆောင်နေသူ(၁၂)ဦး စုစုပေါင်း(၇၉)ဦး အတွက် ထောက်ပံ့ငွေ စုစုပေါင်းကျပ်သိန်း (၁၅၇၈၀၀၀၀)အား လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်