ရေတာရှည်မြို့နယ်အတွင်း  အခြေခံစားသောက်ကုန် များအား မူလ ပေါက်စျေးထက် လျော့၍ ရောင်းချဆောင်ရွက်ပေး

ရေတာရှည်  စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့အတွင်းရှိ ရပ်ကွက်များအတွင်း ရွေ့လျားဈေးကားဖြင့် အခြေခံစားသောက်ကုန်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မူလပေါက်စျေးထက် စျေးနှုန်း လျော့ချ၍ ယနေ့မနက်ပိုင်းက ရောင်းချပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရေတာရှည်မြို့နယ်တွင်းရှိ ပြည်သူများ လွယ်လင့်တကူ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး အတွက် ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥနှင့် ဝက်သား၊ အမဲသားများကို မူလပေါက်စျေးထက် စျေးနှုန်း လျော့ချ၍ ရောင်းချပေးခဲ့ကြောင်း ဆက်လက်၍  ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အေးဆု