အုတ်တွင်း စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၌ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွား မှုများရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်း ချုပ် နိုင် ရေးအတွက် ယနေ့ နံနက် ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက အသံချဲ့စက်များဖြင့် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ များသို့ Mobile Libaray ဖြင့်လှည့် လည် အသိ ပညာပေး လိုက်လံ နှိုးဆော် ခြင်း များဆောင်ရွက် လျက်ရှိ ကြောင်း သိ ရသည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာအရေးကြီးဆုံးကတော့အတတ်နိုင်ဆုံးမဖြစ်မနေအိမ်တွင်း၌သာနေထိုင်ကြပါ၊ သို့မှသာကွင်းဆက်ပြတ်တောက်ပြီးကူးဆက်မှုကိုထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ပြည်သူများအနေဖြင့်မိမိတို့အိမ်တွင်ပြင်ပမှလာသောဧည့်သည်များလက်မခံပါရန်နှင့်၊ ထို့အတူမိမိတို့ကလည်းအခြားသူများထံသွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါကပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုစနစ်တကျတပ်ဆင်ပါ၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပါ၊နှာခေါင်းစည်း(Mask)မတပ်ဆင်သူများနှင့်တွေ့ဆုံခြင်း၊စကားပြောဆိုခြင်း၊စျေးဝယ်ခြင်းများမှရှောင်ကျဥ်ရန်၊လူစုလူဝေးရှောင်ရှားရန်၊ကိုင်တွယ်ထိတွေ့ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးကြောပါ၊လက်ကိုဆေးကြော ခြင်းမပြုဘဲပါးစပ် ၊နှာခေါင်း ၊ မျက်စေ့ တို့ကိုပွတ်သပ်ခြင်း ၊ကိုင်တွယ် ထိတွေ့ခြင်း မပြုရန် ၊လေဝင် လေထွက် မကောင်းသော အခန်းများ ရှောင်ပါ၊မိမိတို့ နေအိမ်ပြူတင်း တံခါးများဖွင့်ပြီးလေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ၊အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေပါးစပ်နှင့်နှခေါင်းစည်း(Mask)များကိုအိမ်အပြင်တွင် စွန့်ပစ်ပါ၊အပြင်ကပြန်လာပြီးတိုင်းအဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီအိမ်သားများနှင့်အနီးကပ်မထိတွေ့ကြပါနှင့်၊သက်ကြီးရွယ်အိုများနှင့်ဆီးချို၊သွေးတိုး၊နှလုံးရောဂါခံရှိသူများရောဂါကူးစက်ခံရပါကဝေဒနာပြင်း ထန်စွာခံစားရပြီးအသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက်ရောဂါကာကွယ်ရေး လုပ်ငန်းများကိုမိဘပြည်သူများ အားလုံးကိုယ်စီလိုက်နာကြပြီးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်၊ပြည်သူများအနေဖြင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီး သူများလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်သွားကြရန်နှင့်ကာကွယ်ဆေးမထိုးနှံရသေးသူများလည်း အုတ်တွင်းအ.လ.က(စျေး)၊ ကျွဲပွဲအ.ထ.က(ကျွဲပွဲ)သတ်မှတ်စုရပ်နေရာများတွင် ဆေးထိုးနှံကြရန်စသည့်အချက်များကို တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ