မုဒုံမြို့၌ တောင်သူလယ်သမားများအား စိုက်ပျိုးရေးစရိတ် ချေးငွေများထုတ်ချေးပေး

 

မုဒုံ   စက်တင်ဘာ   ၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင်   မုဒုံမြို့နယ်တွင်   မိုးရာသီ ၊ မိုးသီးနှံများ      စိုက်ပျိုးရာတွင် တောင်သူလယ်သမားများ   အဆင်ပြေစေရေးအတွက်  ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာ ခန်းမ၌ စိုက်ပျိုးရေး စရိတ်ချေးငွေများကို    ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး     လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ နိုင်လှုံ-လက်တက် ကျေးရွာရှိ   စိုက်ပျိုးရေး  လုပ်ငန်းလုပ်ကိုင်ကြသည့်   တောင်သူလယ်သမား ၆၅ ဦး၏     လယ်ဧက  ၄၉၈ဧကအတွက်    တစ်ဧကလျှင်  ၁၅၀၀၀၀ နှုန်း  စုစုပေါင်းငွေကျပ် ၇၄၇၀၀၀၀၀ အား  အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း  သိရသည်။

မုဒုံမြို့နယ်တွင်   မိုးရာသီ ၊ မိုးသီးနှံစိုက်ပျိုးသည့်    တောင်သူလယ်သမားများကို ဇွန်လ ၁  ရက်နေ့မှ   စတင်ထုတ်ချေးပေးခဲ့ရာ   ယနေ့ထိ   ကျေးရွာပေါင်း ၂၉ ရွာရှိ       တောင်သူ လယ်သမား  ၁၄၈၅ ဦး ၏ လယ်ဧက စုစုပေါင်း၁၀၇၈၃  ဧကအတွက်  ချေးငွေ စုစုပေါင်းငွေကျပ် ၁၆၁၇၄၅၀၀၀၀ ကို ထုတ်ချေး ပေးခဲ့ပြီးဖြစ်ကြောင်း မုဒုံမြို့နယ်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ    မန်နေဂျာထံမှ  သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)