ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃)ဦးထပ်မံတွေ့ရှိ၊ ဆေးရုံဆင်းခွင့်ရရှိသူ (၅)ဦးရှိ

ကျိန္တလီ စက်တင်ဘာ ၈

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ သံသယလူနာ(၆)ဦးအား Covid-19 Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာ(၃)ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။

ပိုးတွေ့အတည်ပြုလူနာများမှာ ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်မှ အသက်(၅၆)နှစ် အမျိုးသား (၁)ဦး၊ အသက်(၅၈)နှစ်အမျိုးသမီး(၁)ဦး၊ ကုလားပြင်ကျေးရွာမှ အသက်(၆၁)နှစ် အမျိုးသမီး(၁)ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၃)ဦးတို့ကို ဆေးကုသမှုခံယူရန် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံဟောင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာတွင် ကြပ်မတ်ကုသပေးသွားမည်ဖြစ်ပြီး ယနေ့တွင် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၅)ဦးရှိကြောင်း ကျိန္တလီမြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှသိရသည်။

ခိုင်မိုးမင်း (ပြန်/ဆက်)