မယ်စဲ့မြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့

မယ်စဲ့  စက်တင်ဘာ   ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို စက်တင်ဘာ ၇ ရက်က ရပ်ကွက်နှင့် ကျေးရွာများ အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ရပ်ကွက် (၂) ရပ်ကွက် နှင့် ကျေးရွာ (၁၄) ရွာမှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၁၁)ဦးရှိပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေများဖြင့် လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ် တတိယသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လတို့အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလစာ ငွေကျပ် သုံးသောင်းကို ထောက်ပံ့ရမည်ဖြစ်ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်နှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများမှ အဘိုး၊အဘွား (၁၁)ဦးအတွက် ငွေကျပ် ၃၃၀၀၀၀ ကို ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)