နတ်တလင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့်မိုဘိုင်း ကားဖြင့် လှည့်လှည်ရောင်းချ

နတ်တလင်း  စက်တင်ဘာလ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင်ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ဆီ၊ကြက်သွန်၊ကြက်ဥ တို့ကိုဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုသို့ မိုဘိုင်းကားဖြင့် လှည့်လည်ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အခြေခံစားကုန်များ၊ ဆန်များအား ကုန်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေးအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဒေသခံ ပြည်သူများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချ ပေးခဲ့ကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)