ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ တစ်ဦး၊ ရောဂါသက်သာပျောက်ကင်းသူ လေးဦး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၄၆ ဦးရှိလာ

ကျောက်ဖြူ  စက်တင်ဘာ  ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင် တွင် ကိုဗစ်-၁၉ ရောဂါဖြင့်တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း သူ လေးဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၄၆ ဦးရှိ ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။

ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever  Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါကူးစက်ခံရသူတို့နှင့်ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home  ဒေသများမှပြန်လည်ရောက်ရှိ လာသူများအား Quarantine Center ထားရှိပြီး  (RDT) Test Kit ဖြင့် ၁၂ ဦးစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉  ရောဂါ ထပ်မံတွ့ရှိသူမှာ ဝမျှောင်ကျေးရွာမှ အမျိုးသားတစ်ဦးတွေ့ရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါလက္ခဏာ မပြဘဲ သက်သာပျောက်ကင်းသူ လေးဦးအား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင် ရမည်ဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက် များကို တိကျစွာလိုက်နာ ကြရန်မှာကြားပြီး ဆေးရုံဆင်း လက်မှတ်ပေးအပ်ခဲ့သည်။

အဆိုပါ ပိုးတွေ့ရှိသူ ခရိုင်နှင့်မြို့နယ်များတွင် ဇူလိုင်လ ၃ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့၊ ညနေ ၅ နာရီအထိ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးအတည်ပြုသူ ကျား ၃၁၀ ဦး၊ မ ၂၀၉ ဦး စုစုပေါင်း ၅၁၉ ဦးအနက် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၄၆ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၂၂ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၅၁ ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)