ပန်းတောင်းမြို့နယ် မြို့မစာကြည့်တိုက်တွင် ကော်မတီဝင်များ အစည်းအဝေး ဆောင်ရွက်

ပန်းတောင်း စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့မစာကြည့်တိုက်တွင် ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ စာကြည့်တိုက်ကော်မတီဝင်များ ယမန်နေ့ နံက်ပိုင်းက အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါအစည်းအဝေးတွင် ပထမဦးစွာ စာကြည့်တိုက် နာယကဝင် ဦးတင်လှိုင်(ဖေါင်းကန်)မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ စာကြည့်တိုက်သမိုင်း အကျဉ်းချုပ်နှင့်   ၎င်းနောက် စာကြည့်တိုက်၏ သက်ဝင်လှုပ်ရှားမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လစ်လပ်နေသော ဥက္ကဋ္ဌ နေရာအတွက် ဦးပြည်သန်း၊ ဦးကံမြင့်အား ဒုတိယ ဥက္ကဋ္ဌ အဖြစ် အသီးသီးဆန္ဒပြု၍ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်များနှင့် ပန်းတောင်းမြို့နယ် မှတ်တမ်းဖြစ်မြောက်ရေးအတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြပြီး တစ်ဦးချင်းစီမှ အကြံဉာဏ်များ တင်ပြခဲ့ရာ အတွင်းရေးမှူး ဦးလှကျော်မှ ပြန်လည် ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)