ထန်းတပင် စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် ဆောင်ရွက်ခဲ့သည့် ပရဟိတအသင်းများကို ထောက်ပံ့ငွေများနှင့် ကာကွယ်ရေးဝတ်စုံများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်သီရီမင်္ဂလာခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်ထောက်ပံ့ပေးအပ်ရာတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စေတနာဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ပရဟိတအဖွဲ့ ( ၁၁ ) ဖွဲ့တို့ကို PPEဝတ်စုံအဖြူ ( ၁၅၀ ) စုံ ၊ PPE ဝတ်စုံအပြာ ( ၃၉၀ )စုံ၊ Mask (95) (၁၁၀၀)ခု၊ Mask (ရိုးရိုး) ( ၂၂၀၀ )ခု ၊မျက်မှန်(၅၅ )လက်နှင့် ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား သယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီအသုံးပြုရန်အတွက် ထောက်ပံ့ငွေကျပ် (၆၃)သိန်း၊ ကျွေးမွေးစရိတ်အတွက်ငွေကျပ် (၆၀) သိန်း၊ စုစုပေါင်းငွေကျပ် (၁၂၃)သိန်းနှင့် ကာကွယ်ရေးဝတ်စုံများကို မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူး ထူးအောင်လင်းနှင့် အဖွဲ့ဝင် ( ၂ ) ရဲမှူး လှနိုင်တို့မှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
သဇင်