ကျိုက်လတ်မြို့နယ်၏ အောက်ဆီဂျင်စက်ရုံ၌ အောက်ဆီဂျင်စမ်းသပ်ထုတ်လုပ်လျက်ရှိ

ကျိုက်လတ် စက်တင်ဘာ ၈

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖများ ဦးဆောင်မှု ၊စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူတည်ဆောက် လှူဒါန်းခဲ့ကြသည့် အောက်ဆီဂျင်စက်ရုံ၌ ယမန်နေ့ညနေပိုင်းမှစ၍ အောက်ဆီဂျင်စမ်းသပ်ထုတ် လျက်ရှိကြောင်း သိရသည်။

အဆိုပါအောက်ဆီဂျင်ထုတ်စက် စမ်းသပ်ထုတ်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်ဦးစိန်မြင့်နှင့် Oxygen  plant ဖြစ်မြောက်ရေးကော်မတီဝင်များ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အောက်ဆီဂျင်ထုတ်စက်မှာ တစ်နာရီလျှင် ၄၀ လီတာအိုး ၈ အိုး  စတင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ဌေးဌေးလှိုင်