ကျိုက်လတ်မြို့နယ်တွင် ရေဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်

ကျိုက်လတ်  စက်တင်ဘာ ၈

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရေဘေးအန္တရာယ်ဆိုင်ရာရေပြင် သက်ကယ် ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက အမှတ်(၁)ရပ်ကွက်၊ လမ်း ၃၀   အောက်ရွာလေးဈေး  အနီး ကျိုက်လတ်မြစ်အတွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါရှာဖွေကယ်ဆယ်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး တာဝန်ခံ ဦးဇေယျာမင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဒုတပ်ရင်းမှူး ဦးမြင့်နိုင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကယ်ဆယ်ရေးရေယာဉ်ဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက လက်တွေ့ဆောင်ရွက်နိုင်ရန်နှင့် အရေးပေါ်တုံ့ပြန်နိုင်ရန် ရေနစ်သူအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့အပ်ခြင်း စသည်တို့ကို အခက်မခဲမရှိဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် သရုပ်ဖော်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။

ဌေးဌေးလှိုင်