မြန်အောင် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင် မြို့နယ်အတွင်းနှင့် ပြင်ပမှ အလှူရှင်များစုပေါင်း၍ မြို့မိမြို့ဖများ ဦးဆောင်ကာ ဆောက်လုပ်သော အောက်ဆီဂျင် ဖြည့်တင်းစက်သည် ယမန်နေ့ ညနေက စက်ထားရှိမည့် မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ကျိတ္တန်းအနောက်လမ်း ပါရမီလူမှုကူညီရေး အသင်းရုံးသို့ ရောက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် အလှူရှင်များစုပေါင်းလှူ ဒါန်းငွေများဖြင့် တည်ဆောက် သွားခြင်း ဖြစ်သည်။
အောက်ဆီဂျင် ဖြည့်တင်းစက် တန်ဖိုးမှာ ဒေါ်လာ US 57000 ကျသင့်ပြီး ၂၄ နာရီလျင် ၄၀ လီတာအိုး အလုံး(၂၀၀) ဖြည့်သွင်းနိုင်ကြောင်းနှင့် စက်တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်အောင်မြို့နယ်တွင် ပါရမီလူမှုကူညီရေးအသင်းနှင့် လွန်ဆေးနှလုံးသား လူမှုကူညီရေးအသင်းတို့မှ အောက်စီဂျင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ်(မြန်အောင်)