ငပလီ စက်တင်ဘာ ၈
သံတွဲခရိုင်၊ ငပလီမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန် နှစ်မျိုးထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လင်းသားရပ်ကွက် စေတနာရှင်အလှူရှင်များ စုပေါင်း၍ အိမ်ထောင် (၁၀၀)စုထံသို့ လက်ဝယ် အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ခဲ့ရာ ကိုဗစ်-၁၉ကာလအတွင်း အမှန်တကယ် အခက်အခဲဖြစ်နေသည့် လင်းသာ ရပ်ကွက်ရှိ ကျင်းငန်ကြီး၊ အုပ်တွင်းထောင့်၊ လင်းသာရပ်ကွက်သစ် ၊ ကျွဲသေကျင်းနှင့် ဝါးတောင်ကွင်း ရပ်ကွက်တို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၀) အတွက် အခြေခံစားသောက်ကုန် ဆန်နှင့် ကြက်သွန်များကို ထောက်ပံ့လှူဒါန်းခဲ့ရာ အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်နှင့် ကြက်သွန်(၁) ပိဿာ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ခြင်းကို လင်းသာရပ်ကွက်မှ စေတနာအလှူရှင်များနှင့် သာရေးနာရေး အဖွဲ့တို့မှ စုပေါင်းထောက်ပံ့ပေးခြင်းဖြစ်ပြီး ယခုထောက်ပံ့ခြင်းသည် လင်းသာ ရပ်ကွက်အတွင်း ဒုတိယအကြိမ် မြောက်လှူဒါန်းထောက်ပံ့ခြင်းဖြစ်ကြောင်း စေတနာ အလှူရှင် တစ်ဦးဖြစ်သူ ဦးမြင့်ထွန်းထံမှ သိရသည်။
ရန်ငြိမ်း(ပြန်/ဆက်)