မြိုင်မြို့ယာယီပျံကျဈေး အနီးတွင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

မြိုင် စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ နံနက် ၆ နာရီအချိန်က ယာယီပျံကျဈေး (မြို့မ အားကစားကွင်း )အနီးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် လိုက်နာရမည့် ရှောင်ရန်၊ ဆောင်ရန် အချက်များနှင့် မြိုင်မြို့သည် Stay at Home သတ်မှတ်ခံရသည့်မြို့ဖြစ်၍ Stay at Home ကာလအတွင်း  လိုက်နာရမည့် အချက်များကို Song Box ဖြင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးခြင်း လုပ်ငန်းများကို  မြို့မယာယီပျံကျဈေး ဖွင့်ချိန်များတွင် နေ့စဉ် နေ့တိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)