ငပလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို လှည့်လည်ကြေညာ

ငပလီ စက်တင်ဘာ ၈

သံတွဲခရိုင်၊ ငပလီမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ငပလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့ ညနေ ၄ နာရီအချိန်က လူစည်ကားရာ နေရာများတွင် လှည့်လည်၍ ပြည်သူများထံ အသိပေးလှုံ့ဆော် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆာင်ရွက်လျက်ရှိ ယခုအချိန်ခါ  ငပလီမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူများ သိသိသာသာ လျော့နည်းလာပြီဖြစ်သဖြင့် ကိုဗစ်-၁၉ရာဂါ ပိုးကူးစက်ခြင်းမှ ပိုမိုကာကွယ်နိုင်ရန် အတွက် ငပလီမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ အမိန့် ညွှန်ကြားချက်များနှင့်အညီ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း(Mask)နှင့် မျက်နှာကာ Face Shieldကို စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း မပြုလုပ်ရန်၊ လက်ကိုဆေးကြောခြင်း မပြုမီပါးစပ်၊  နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ သက်ကြီးရွယ်အိုများ အနီးကပ် နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ လာရောက် ဆေးကုသမှု ခံယူရန်စသည့် လိုက်နာရမည့် စည်းကမ်းချက်များကို မိဘပြည်သူလူထုများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော် ခဲ့ကြောင်း သိရသည်။

ရန်ငြိမ်း(ပြန်/ဆက်)