မော်လမြိုင်၌ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ပြည်သူ(၁၃၁၉၂)ဦး ဒုတိယအကြိမ် အောင်မြင်စွာ ထိုးနှံပြီးစီး

မော်လမြိုင်      စက်တင်ဘာ     ၇

မွန်ပြည်နယ်၊  မော်လမြိုင်မြို့နယ်တွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ်ထိုးနှံပေးမှုကို ဩဂုတ်၂၇ရက်နေ့မှ စက်တင်ဘာ၅ရက်နေ့အထိပြည်သူ (၁၃၁၉၂)ဦးအား အောင်မြင်စွာထိုးနှံပြီးစီးပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ဖြစ်ပွားမှုနှုန်း  အမှန်တကယ်လျော့နည်းကျဆင်းပြီး ထိရောက်စွာဟန့်တားနိုင်ရန်အတွက် ခရိုင်  နှင့်မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊   ပရဟိတလူမှုကူညီရေး အဖွဲ့ဝင်များ ပူးပေါင်း၍ ဆေးထိုးစုရပ် ၆ နေရာသတ်မှတ်ပြီး နေ့စဉ်သတ်မှတ်ဦးရေအလိုက်သာသနာ့ ဗိမာန်၊ ပြည်နယ်ခန်းမ၊အ-ထ-က(၉)မော်လမြိုင်၊ အ-ထ-က(၂)လှိုင်၊ အ-ထ-က(၁၂) မြိုင်သာယာနှင့် အ-ထ-က(ညောင်ပင်ဆိပ်၊ စက်မှုဇုံ)တို့တွင် ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များ အတိုင်း ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)