မုံရွာ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ်၊ မြင်ချင်ကျေးရွာ၊ အဆင့်မြင့် လယ်ယာဖော်ဆောင်ခြင်း စီမံကိန်းအတွင်းရှိ တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက် နှုန်းတိုးတက်ရေးအတွက် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် မြေသြဇာကြဲပတ်နေမှု၊ သမန်းနိုး နေမှုနှင့် ဓာတ်မြေသြဇာများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် အပင်မှအဟာရ ပြည့်ဝစွာ စားသုံးနိုင်စေရန်၊ ဓာတ်မြေသြဇာနှင့် သဘာ၀မြေသြဇာတို့ကို တောင်သူများအကျိုးရှိရှိ တွဲဖက်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဓာတ်မြေသြဇာရောစပ်နေမှု သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဝက်လက်မြို့၊ ဟံလင်း ကျေးရွာရှိ ကမ္ဘာ့အမွေအနှစ် ဟံလင်းပျူမြို့ဟောင်းသို့ရောက်ရှိရာ မြို့ဟောင်းအုတ်ရိုး၊ ပျူလူမျိုးများ အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများထားသည့် ပြတိုက်နှင့် ပျူလူမျိုးများ အရိုးစု သင်္ချိုင်းနေရာ၊ ကျောက်စာရုံတို့အား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဟောင်း အမွေအနှစ်များ မပျက်စီးစေရန်နှင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝက်လက်မြို့၊ မာဃိန္ဒာ ရာမ ပရိယတ္တိစာသင်တိုက်၊ သာသနာ့ဓဇဓမ္မာစရိယ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမာဃ၀ ဆရာတော် ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိများသည် ဝက်လက် မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အောက်ဆီဂျင် Concentrator များ၊ ၄၀ လီတာ အောက်ဆီဂျင်အိုးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တာဝန်ရှိသူ များနှင့်အတူ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်း များ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူများနှင့် လူမူရေးအသင်းအဖွဲ့ဝင်များမှ တာဝန်ရှိသူများထံ အောက်ဆီဂျင် Concentrator များ၊ အောက်ဆီဂျင် ၄၀ လီတာအိုးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာ များ နှင့် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝက်လက်မြို့၊ ပြည်သူဆေးရုံသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။