နတ်မောက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ်သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ နွားစာပြောင်းများအနက် မိုးနှမ်း (၁၅၈၄၉.၁၆)ဧက အတွက် တောင်သူဦးရေ (၈၉၈၂)ဦးအား သတ္တမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နေ့လည် (၂) နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစီးအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေပေးရခြင်း၏ ရည်ရွည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၂၀ပြည့်နှစ် စိုက်ပျိုးရာသီတွင် မိုးလိုမိုးခေါင်မှုကြောင့်ပျက်စီး သွားသော သီးနှံများအတွက် ကျေးရွာအုပ်စု(၁၀) အုပ်စုအတွက် တစ်ဧကလျှင် (၅၀၀ဝိ/)နှုန်းဖြင့် ငွေကျပ် (၇၉၂၄၅၈၀ဝိ/)ကို စည်သာကျေးရွာအုပ်စု၊ န-ဂွေးချိုကျေးရွာအုပ်စု၊ အိုင်ဇောက်ကျေးရွာအုပ်စု၊ စခန်းမကျေးရွာအုပ်စု၊ တွင်းကြီးကျေးရွာအုပ်စု၊ ဝါပန်ကျေးရွာအုပ်စု၊ လေးအိမ်ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာအုပ်စုနှင့် ရှမ်းကုန်းကျေးရွာအုပ်စုများရှိ တောင်သူများ၏ သီးနှံပျက်စီးမှုဧကအလိုက် ထောက်ပံ့ငွေများကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာရပ်ကျေးစာရေးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းတို့မှတစ်ဆင့် တောင်သူများလက်ဝယ်အရောက်ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။