ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကျွန်းလှ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၇ ရက်နေ့နံနက် ၇ နာရီက မြိုနယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာများရှိ ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ၁၅၈၀ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိပြည်သူများ အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

မျိုးဝင်းညို