ဇီးကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ဇီးကုန်း      စက်တင်ဘာ ၇

နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်  ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်အောင်က ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၄)အုပ်စုမှ အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွား(၆၇၁)ဦးအတွက် တစ်ဦးလျင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် (၂၀၁၃၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ယခုထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယသုံလပတ်(ဧပြီ၊မေ၊ဇွန်)လများအတွက် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၃၀၀၀၀)စီကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအလိုက် အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွားများအား ဆက်လက်ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)