မာန်အောင် စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်း ဆက်လက် ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်မတည် ရန်ပုံငွေများကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကော်မတီဝင်များမှကြီးကြပ်၍ ကျေးရွာ ကော်မတီများမှတဆင့် အသင်းဝင်ပြည်သူများထံသို့ အဆိုပါချေးငွေများအား ပြန်လည်ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် စီမံကိန်းကျေးရွာများဖြစ်သည့် သိမ်ကုန်းအုပ်စု၊ သိမ်ကုန်းကျေး ရွာမှ အသင်းဝင်များကို ဆဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးခြင်းဖြစ်ပြီး ညောင်ပင်လှအုပ်စု၊ ညောင်ကုန်းကျေးရွာမှ အသင်းဝင်များကို ပဉ္စမအကြိမ်မြောက် ပြန်လည်ထုတ်ချေးခြင်းဖြစ်သည်။ အဆိုပါချေးငွေများကို ကျေးရွာမြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ အတိုးအရင်းချေးငွေ များအားပြန်လည်ပေးဆပ်ခြင်း၊ ပြန်လည်ထုတ်ပေးခြင်းများပြုလုပ်နိုင်ရန်အတွက် ချေးငွေ လျှောက်လွှာ၊ အတည်ပြုလွှာနှင့် ချေးငွေစာချုပ်များပြုလုပ်၍ မြို့နယ်မြစိမ်းရောင်အကောင်အ ထည်ဖော်ရေးလုပ်ငန်းကော်မတီထံသို့လွှဲအပ်ပြီး မြို့နယ်ကော်မတီဝင်များမှ စနစ်တကျစိစစ်ကာ အရင်းပြန်လည်ပေးဆပ်ခြင်း၊ အတိုးအရင်းရငွေများအားထုတ်ချေးခြင်းများကို ကျေးရွာကော်မတီ များမှတဆင့် အသင်းဝင်များထံသို ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ယခုလိုထုတ်ချေးပေး ခြင်းသည် ပြန်လည်ပြုပြင်ထားသည့် မြစိမ်းရောင်စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်နှင့် အညီ ဘဏ်သို့ပေးသွင်းခြင်းမပြုဘဲ နေ့ချင်းဆပ်ထုတ်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်ကပြော ကြားသည်။
ထိုသို့ မြစိမ်းရောင်စီမံကိန်းမတည်လည်ပတ်ရန်ပုံငွေဖြင့် သိမ်ကုန်းကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအ ဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုင်နေသူ ၈၅ ဦးတို့အား ထုတ်ချေးငွေကျပ် သန်း ၄၃ ဒသမ ၃၅ သန်းအားလည်းကောင်း၊ ညောင်ကုန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁၀၃ ဦးတို့အား ထုတ်ချေးငွေ ၃၉ ဒသမ ၁၅ သန်း တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးကြောင်း သိရှိရ သည်။
တင်ထွန်းဦး(ပြန်/ဆက်)