ကံမမြို့ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းသွယ်(၁)ရှိ  မြို့ပတ်လမ်းမှ အထက်ဘက်မြေသား ရေမြောင်းအား အုတ်စီရေမြောင်းအဖြစ် ပြုလုပ်ဆောင်ရွက်

ကံမ စက်တင်ဘာ ၇

မကွေးတို်ငးဒေသကြီး  သရက်ခရိုင်  ကံမမြို့   အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းသွယ်(၁) ရှိမြို့ပတ်လမ်းမှ အထက်ဘက် မြေသားရေမြောင်းအဖြစ်မှ အုတ်စီရေမြောင်းအဖြစ်   မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 အဆိုပါဆောင်ရွက်ခဲ့သောကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်   တိုင်းဒေသကြီးအစိုးရအဖွဲ့  ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် သိန်း ၁၆၀ ဖြင့်  ရေမြောင်း အရှည်ပေ ၅၀၀၊   အကျယ် ၂ ပေနှင့် အနက် ၄ ပေအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း    ယခင်ကမြေသားရေမြောင်းဖြစ်ပြီး မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းအဖြစ်အဆင့်မြှင့်တင်   ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)