ကံမ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ထိုးနှံပေးလျက်ရှိရာ ကံမကျန်းမာရေးဌာန၊ ရေနံ့သာတိုက်နယ် ကျန်းမာရေးဌာနခွဲ၊ ကျောက်စောင်း ကျန်းမာရေးဌာနခွဲ၊ အင်းဘဲကျန်းမာရေးဌာနခွဲ၊ ကြို့ပင်ကျန်းမာရေးဌာနခွဲနှင့် စစ္စရံ ကျန်းမာရေးဌာနခွဲတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၆၅ နှစ်အထက် အဖိုးအဖွားများ၊ အခြားရောဂါအခံရှိသူများ၊ သာသနာ့ ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးသမားများ၊ ဝန်ထမ်းမိသားစုများနှင့် ဈေးသည်များအား ပထမဦးစားပေး ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့်ပြည်သူများအား ဆက်လက်၍ ထိုးနှံပေးသွားလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)