ဝန်းသို စက်တင်ဘာ ၇
၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရင်းနှီးမြုပ်နှံမှုအစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၅၀ တွင် စီမံကိန်းရန်ပုံငွေကျပ် သိန်းပေါင်း ၅၀၀၀ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၇၆ ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ထံမှ သိရသည်။
ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် ကောလင်းခရိုင်အတွင်းရှိ ကောလင်းမြို့နယ်တွင် ကျေးရွာ ပေါင်း ၁၅ ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၁ ခု၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း ၂၅ ရွာ ၌ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၂၇ ခု၊ ပင်လည်ဘူးမြို့နယ်တွင် စီမံကိန်းကျေးရွာပေါင်း ၁၀ရွာ၌ ဖွံ့ဖြိုရေးလုပ်ငန်း ၁၈ ခု စုစုပေါင်းကျေးရွာ ၅၀ ၌ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး စသည့်လုပ်ငန်းပေါင်း ၇၆ ခုကို စီမံကိန်းရန်ပုံငွေကျပ်သိန်း ၅၀၀၀၊ ပြည်သူပူးပေါင်း ထည့်ဝင်ငွေကျပ် ၉၈၄ သိန်းဖြင့် ကျေးရွာပြည်သူ များကိုယ်တိုင် စီမံခန့်ခွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် ကျေးရွာပေါင်း ၃၉ ရွာ၌ ၁၀၀ရာခိုင်နှုန်း၊ ကျေးရွာ ၄ ရွာ၌ ၉၀ ရာခိုင်နှုန်း၊ ကျေးရွာ ၇ ရွာ၌ လုပ်ငန်းအားလုံး၏ ၈၀ ရာခိုင်နှုန်းစီ အောင်မြင်ပြီးစီနေပြီဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်