နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် Dead Body သယ်ယူပို့ဆောင်ရေး  အတွက် ထောက်ပံ့ငွေနှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများထောက်ပံ့

 

နတ်မောက်   စက်တင်ဘာ ၇

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် Dead Body သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြသည့် ပရဟိတအဖွဲ့များ Volunteer များအား   ထောက်ပံ့ငွေ၊ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းအခမ်းအနားကို ယမန့်နေ့ နေ့လယ် (၂)နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် Volunteerတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတဥက္ကဋ္ဌ ဦးသန့်စင်မှ အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသည့် ပရဟိတအဖွဲ့များ၊Volunteer   အဖွဲ့များမှလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ က စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များလူမှုကူညီရေးအသင်းရှိ Dead Body သယ်ယူပို့ဆောင်ရေးအဖွဲ့၊ အခမဲ့  အောက်စီဂျင်အဖွဲ့၊ အောင်ဆန်းလူငယ်ပရဟိတအသင်းရှိ Dead Body သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ဈေးရပ်ကွက်ရှိ Dead Body သယ်ယူပို့ဆောင်ရေးအဖွဲ့အား ထောက်ပံ့ငွေကျပ် ( ၁၀၂၂၄၀၀)ကျပ်နှင့်    ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်း(PPE)ဝတ်စုံ (၄၀)စုံအား ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သင်းသင်းမြတ် (နတ်မောက်)