မယ်စဲ့မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

မယ်စဲ့ စက်တင်ဘာလ ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရေးကို ဆောင်ရွက်ပေး လျက်ရှိရာ စက်တင်ဘာ ၆ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသိူ့ ဆောင်ရွက်ရာတွင် မယ်စဲ့မြို့နယ်သို့ ရောက်ရှိလာသော Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ဦးတည်အုပ်စုများအား ထိုးနှံပေးနိုင်ရေး ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်၌ မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ဝမ်ကန်ကျေးရွာ၊ နမ့်မန်းကျေးရွာ၊ မယ်ဆည်နမ်ကျေးရွာအုပ်စုတို့မှ အသက်(၆၅)နှစ်အထက် ၄၃ ဦး၊ စေတနာ့ဝန်ထမ်း ၅ ဦး၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ၁၈ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂၄ ဦး၊ ဝန်ထမ်းမိသားစုများ ၁၂ ဦး၊ ဈေးဆိုင်များ ၁၃၃ ဦး၊ စုစုပေါင်း ၂၃၅ ဦးအား ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ရေးကိုပါ တစ်ပါတည်းအသိပေး ပြောကြား ခဲ့သည်။

တိုသို့ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင် များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)