ဘောလခဲ စက်တင်ဘာ ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ စျေးသူဈေးသားများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့မစျေးရှေ့ လမ်းသွယ်တွင် RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါစစ်ဆေးမှုတွင် ကျန်းမားရေးဝန်ထမ်း၊ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ ကြက်ခြေနီ လူငယ်များ၊ ပရဟိတ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ခဲ့ကြပြီး ရောဂါပိုး စစ်ဆေးရာနေရာသို့ ဘောလခဲ မြို့မစျေးတွင်းရှိ စျေးသူဈေးသား မိသားစုဝင်များ အားလုံးနှင့် မြို့ပေါ်ရပ်ကွက်တွင်း စျေးသူဈေးသားများ အားလုံးကိုလည်း RDT Test Kit ဖြင့် လှည့်လည်ကွင်းဆင်းပြီး စနစ်တကျ စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ စစ်ဆေးသူစုစုပေါင်း (၁၄၉)ဦး အနက် အိမ်စျေးရောင်းသူ(မ) (၂)ဦး ကိုဗစ်-၁၉ (Positive) ပိုးတွေ့ရှိကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်နေမှုအား ဘောလခဲမြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာခင်ဝင်းချစ် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးမှူး၊ မြို့နယ်စည်ပင်ဦးစီးမှူးနှင့် ကော်မတီဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)