မာန်အောင် စက်တင်ဘာ ၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်က်ိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတုတ္ထနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီထိ လည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိလည်းကောင်း၊ အချိန်ခွဲခြားသတ်မှတ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးထိုးစုရပ်နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံရာတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးခဲ့သူ အသက်(၆၅)နှစ်အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပရဟိတ/ Volunteer များ၊ ဟိုတယ်မိုတယ်ဝန်ထမ်းများနှင့်အချုပ်သားများ၊ စုစုပေါင်း(၁၉၀)ဦးတို့အား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ကာ ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)