အမ်း စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နေရပ်စွန့်ခွာ၍ စခန်းများ၌ ခိုလှုံနေကြသော အသက်(၁၈)နှစ် အထက်ပြည်သူများအား (၁၁၄၀) ဦးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမ အကြိမ် ထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ရွှေအမ်းတောင် ခန်းမ၌ စက်တင်ဘာလ(၆)ရက် နံနက်(၉)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မိုးလုံလေလုံ အားကစားခန်းမနေရပ် စွန်ခွာခိုလှုံနေသော တိုက်ပွဲရှောင်စခန်း(၂)ရှိ အသက်(၁၈)နှစ်အထက် ပြည်သူ(၅၈၂)ဦးတွင် ထိုးနှံရန် ကျန်ရှိသူများ၊ စျေးရပ်ကွက်ဆွေမျိုးများ နေအိမ်၊လေယာဉ်ကွင်း ရပ်ကွက်ဆွေမျိုးများ နေအိမ်၊ စျေးတောင်ရပ်ကွက်ဆွေမျိုးများ နေအိမ်၊ ပျဉ်းတောကျေးရွာဆွေမျိုးများနေအိမ်တို့တွင် နေရပ်စွန်ခွာခိုလှုံနေသူပြည်သူများနှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ (၁၁၂)ဦး တို့အား မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်၁၉ရောဂါကာကွယ် ရေးစည်းကမ်း ချက်များနှင့်အညီ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင် အောင်ဆေးကြောပေးခြင်း၊ ကိုဗစ်၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
၎င်းနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန်အတွက်နေရပ်စွန်ခွာခိုလှုံ နေသူများဖြစ်သည့် ပဲပဒုံစခန်း(၁) နေရပ် စွန့်ခွာခိုလှုံနေသူများ၊ မိုးလုံလေလုံ အားကစားခန်းမ နေရပ်စွန့်ခွာခိုလှုံနေသူများ၊ စျေးရပ်ကွက်ဆွေမျိုးများနေအိမ်၊ စျေတောင်ရပ်ကွက်ဆွေမျိုး များ နေအိမ်၊ လေယာဉ်ကွင်းရပ်ကွက်ဆွေးမျိုးနေအိမ်၊ ပျဉ်းတောကျေးရွာဆွေမျိုးများ၌ နေထိုင် ကြသူအသက်၁၈နှစ်အထက်ပြည်သူများအား စက်တင်ဘာ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံရန် မြို့နယ်တွင် sinovac ဆေးအလုံရေ(၅၇၀) လုံးအတွက် ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် လူဦးရေ(၁၁၄၀) ဦးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ဒုတိယ အကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး sinopharm အမျိုးအစားထိုးနှံရန် ကျန်ရှိသူ(၁၁၂) ဦးတို့အား ဆက်လက်ထိုးနှံပေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်