ကျောက်ကြီး စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်ဆီဂျင်ထုတ် စက်အတွက် စက်ရုံစတင်တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားအား ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပန္နက်တင်အခမ်းအနားသို့ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်ဆီဂျင်ထုတ် စက်အတွက် စက်ရုံအား ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ လစ်လပ်လျှက်ရှိသော မြေကွက်လပ်တွင် အလျား (၄၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၂)ပေ ရှိ အဆောက်အဦးအား ခန့်မှန်းကုန်းကျငွေ သိန်း(၂၀၀)ကျပ်ခန့် ကုန်ကျမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လှူဒါန်းမှုများဖြင့် တည်ဆောက် သွားမည်ဖြစ်ကာ အောက်ဆီဂျင်ထုတ်စက် လျှပ်စစ်မီးရရှိရေးအတွက် (200)KVA ထရန်စဖော်မာ (၁) လုံးအား တိုင်းဒေသကြီးအစိုးရမှ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်