ကလေး စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေးများ တတိယပတ် ပထမနေ့ ဆက်လက်ထိုးနှံ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများကို တိုက်ကျွေးရာတွင် အသက်(၂)လ အရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို(ပထမ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)(ပထမ)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)(ပထမ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ကိုလည်း ကောင်း၊ အသက်(၄)လအရွယ် ကလေးငယ်များကို ပိုလီယို(ဒုတိယ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)(ဒုတိယ)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) (ဒုတိယ) ကိုလည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို ပိုလီယို(တတိယ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)(တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)(တတိယ) ကိုလည်းကောင်း၊ အသက် (၉)လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ပထမ) ကာကွယ်ဆေးနှင့် အသက်(၁) နှစ်ခွဲ ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)(စတုတ္ထ) စသည့်ကာကွယ်ဆေးများကို ထိုးနှံ တိုက်ကျွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကလေးငယ်များကို ဩဂုတ်လ၂၉ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ နေ့စဉ် ကလေးငယ်(၁၀၀)ကို ကာကွယ်ဆေးများ ပုံမှန်ထိုးနှံတိုက်ကျွေး သွားမည်ဖြစ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော် ဆေးရုံ ကုတင်(၁၀၀) မှ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ထိုးနှံတိုက်ကျွေးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ကျော်